စစ်တွေ မေ ၂၆
စစ်တွေမြို့သို့ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် စစ်တွေမြို့ရှိ ဝန်ကြီးဌာနအောက် ဦးစီးဌာနများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံးသို့ ရောက် ရှိကာ ရုံးအဆောက်အဦအား အမိုးသွပ်များ ပြန်လည်တပ်ဆင်နေမှု၊ မီးလင်းရေးလုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများ၊ ရုံးနှင့် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်နေမှုတို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံးသို့ လည်းကောင်း၊ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ လည်း ကောင်း၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးသို့လည်းကောင်း သွားရောက်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
Dial these numbers and email in case of any emergency