Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးစပါးဧက ၁၀၀၀၀ စိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်) အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


26 May,2023

ထားဝယ်၊ မေ၂၆

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သမဝါယမကဏ္ဍက မိုးစပါး ဧက ၁၀၀၀၀ စိုက်ပျိုး ရေးစီမံကိန်း (မြစိမ်းရောင်) အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။ အစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနများနှင့် ခရိုင် ၃ ခရိုင်မှ သမဝါယမဦးစီးအရာရှိများ၊ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာများ တက်ရောက်ခဲ့ကြပြီး ကျန် ၆ မြို့နယ်မှ သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံအရာရှိများမှ Video Conferencing ဖြင့် တက်ရောက် ဆွေးနွေးခဲ့ ကြသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း မိုးစပါးရာသီတွင် မိုးစပါးဧက ၁၀၀၀၀ စိုက်ပျိုးရေး(မြစိမ်းရောင်)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ မိုးစပါးစိုက်တောင်သူများအား လယ်တစ်ဧက လျှင် ငွေကျပ် ၂ သိန်း နှုန်းနှင့်ညီမျှသော သွင်းအားစုနှင့် မျိုးစပါးများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်သူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြောင်းနှင့် လက်ရှိဒေသအတွင်း ဆင်းသုခ၊ ပေါ်ဆန်းရင် နှင့် ဒေသစပါးများအပြင် GW-11 အထွက်နှုန်းတိုးမျိုးစပါးများ စိုက်ပျိုး နိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm