နေပြည်တော် မေ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများလိုက်ပါ လျက် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ကမ်းခြေပတ်လမ်းသို့ သွားရောက်ကာ လေမုန်တိုင်းဒဏ် ကြောင့် လမ်းနှင့် မြေထိန်းနံရံများ ပြိုကျပျက်စီးသွားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး အမြန် ဆုံး ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေး ညှိနှိုင်းမှာကြားဆောင်ရွက်ခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရွေ့လျားရေသန့်စင်ကားဖြင့် ကန်အတွင်းမှရေကို စုပ်ယူသန့်စင် ပြီး ရပ်ကွက်နေပြည်သူများအား ရေဖြန့်ဝေပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါရွေ့လျားရေသန့်စင်ကားများအား မင်းပြားမြို့သို့ (၁) စီး၊ ရေသေ့တောင်မြို့သို့ (၂) စီး ပို့ဆောင်ပေးထားပြီး Life Staw ရေသန့် စက်ငယ်များ (၅၀) လုံးကိုလည်း စစ်တွေ၊ ပေါက်တော၊ ရေသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များသို့ ဖြန့်ဝေပေးပို့ထားပြီး ဖြစ်သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ပေါ်ရှိ မိမိဝန်ကြီးဌာန၊ ဦးစီးဌာနရုံးများသို့ သွားရောက်ကာ ဝန်ထမ်းအိမ်ရာနှင့် ရုံးများ အမြန်ပြုပြင်ပြီးစီးရေး၊ ဝန်ထမ်းသက်သာချောင်ချိရေး ကိစ္စရပ်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
Dial these numbers and email in case of any emergency