Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား


16 May,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း အမှတ်စဉ်(/၂၀၂၃ဖွင့်ပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၁၆..၂၀၂၃)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ အုပ်ချုပ်ရေးဌာနများ ဖြစ်သည့် (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာဆရာမများ၊ အုပ်ချုပ်ရေး(စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ အရာထမ်းများနှင့် သင်တန်း သားသင်တန်းသူ(၄၉)ဦး စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပြဋ္ဌာန်းထား သည့် နိုင်ငံဝန်ထမ်းဥပဒေနိုင်ငံဝန်ထမ်းနည်းဥပဒေ/ရုံးစာရေးသားနည်း အစရှိသည့် ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်နားလည်မှုရှိလာစေပြီး အထွေထွေဗဟုသုတများ တိုးပွားလာစေ၍ လုပ်ငန်းခွင်တွင် ပိုမိုထိရောက်စွာ ဆောင်ရွက်သွားကြရန် ရည်ရွယ်၍ ဖွင့်လှစ်ပါကြောင်း၊ ပါမောက္ခချုပ်မှ သင်တန်းတွင် သင်ကြားမည့် ဝန်ထမ်းမှုဆိုင်ရာ သိသင့်သိထိုက်သည့် အကြောင်းအရာ အကျဉ်းချုပ်များကို ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှ သင်ကြားပေးမည့် သင်ခန်းစာများကို လေ့လာဆည်းပူး သင်ယူမှတ်သားပြီး လက်တွေ့ အသုံးချကာ မိမိအဖွဲ့အစည်း၊ မိမိတက္ကသိုလ်၊ မိမိနိုင်ငံ တိုးတက်ဖို့အတွက် ရိုးသားကြိုးစားသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ကြိုးစားကြရန် မှာကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm