Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမျိုးသမီးအခြခံစက်ချုပ်သင်တန်းဖွင့်


09 May,2023

 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ထားဝယ်မြို့နယ်  ဇဟာကျေးရွာဘုန်းတော်ကြီးကျောင်း၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို မေ ၆ ရက်တွင် ကျင်းပသည်။

          ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးလှိုင်အေးနှင့် ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထက်အောင်တို့က ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြောကြားကြသည်။

           ထို့နောက် ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စိုးစိုးသီက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး သင်တန်းနည်းပြများက သင်ကြားပို့ချမည့် သင်ခန်းစာ ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

           အဆိုပါ အခြေခံစက်ချုပ်သင်တန်းသို့ ဇဟာကျေးရွာအတွင်းရှိ သင်တန်းသူအမျိုးသမီးငယ် ၁၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက အဝတ်အထည်ချုပ်လုပ်နည်းအမျိုးမျိုးကို စာတွေ့လက်တွေ့ဖြင့် မေ ၆ ရက်နေ့မှစ၍ သင်တန်းကာလ နှစ်လကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm