Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ စီမံကိန်းလုပ်ငန်းများ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ၊ သုံးသပ်ဆွေးနွေးပွဲနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


09 May,2023

၂၀၂၃ခုနှစ်၊ မေလ ၉ ရက်နေ့၊ နံနက် (၀၉:၀၀)အချိန် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ စီမံကိန်းလုပ်ငန်းများ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ၊ သုံးသပ်ဆွေးနွေးပွဲနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆုချီးမြှင့်ခြင်းအခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများ၊ ခရိုင်အဆင့် စံပြဆုရရှိသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် (၆၉၀)သန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ် (၃၁၆၅)သန်း၊ ကျေးလက်စီးပွားရေးမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်းရန်ပုံငွေကျပ် (၉၀)သန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေကျပ် (၂၄၀)သန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းစံပြဆု ပထမဆု ရရှိသည့် ပန်းတောင်းမြို့နယ်၊ တမာကုန်းကျေးရွာတို့အား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြဆု ဒုတိယဆုရရှိသည့် ကြို့ပင်ကောက်မြို့နယ်၊ ချောင်းနားကျေးရွာနှင့် တတိယဆုရရှိသည့် တောင်ငူမြို့နယ်၊ ကုက္ကိုလ်ပင်စုကျေးရွာနှင့် ညောင်လေးပင်မြို့နယ်၊ ရေဆုံးကျေးရွာတို့အား တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း၊ မြစိမ်းရောင်စီမံကိန်းကျေးရွာ ကြွေးကျန်ကောက်ခံနိုင်မှု ပထမဆုရရှိသည့် အုတတ်ဖိုမြို့နယ်နှင့် ဒုတိယဆုရရှိသည့် မင်းလှမြို့နယ်တို့အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်ကလည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရိုင်အလိုက် ခင်းကျင်းပြသထားသည့် လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများနှင့် ဒေသထွက်ကုန်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm