Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ် ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်က စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်များ ပေးအပ်


09 May,2023

ထားဝယ်၊ မေ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တိုင်းဒေသကြီး သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ အသင်းသားများ၊ ဌာနပေါင်းစုံ ၁၈ ခုမှ အသင်းသားများ တက်ရောက်ခဲ့ကြသည်။

အသင်းမှ အသင်းသားပြည်သူများ၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကိစ္စများတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ အသင်းသားပြည်သူ ၂၀၈ ဦးအတွက် စုဆောင်း ငွေပေါ်အတိုးငွေကျပ် ၁၁၂၄၀၀၃၀ ၊ အစုပေါ်အမြတ်ငွေကျပ် ၇၇၉၂၇၉ နှင့် ထောက်ပံ့ငွေကျပ် ၄၂၆၀၀၀၀ တို့အား အသင်းသားပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm