Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံဖြူဇရပ်မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ စျေးနှုန်းချိုသာစွာဖြင့် ကွန်ပေါင်းဓာတ်မြေသြဇာများ ရောင်းချပေးလျက်ရှိ


09 May,2023

သံဖြူဇရပ်၊ မေ ၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ မေ ၇ ရက်နေ့ ညနေပိုင်းတွင် ထိပ်တန်းစံ ကွန်ပေါင်းသဘာဝဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာ စွာဖြင့် မြို့နယ်သမဝါယအသင်းစုတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကွန်ပေါင်းဓာတ်မြေသြဇာကို တစ်အိတ်လျှင်(၃၂,၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ် အတွင်းရှိ စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်နေသော တောင်သူများသို့ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မေ ၇ ရက်နေ့တွင် တောင်သူ ၂ ဦးအား ဓာတ်မြေသြဇာအိတ် (၁၀၀) ကို ရောင်းချပေးခဲ့ပြီး ဆက်လက်၍လည်း မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြို့နယ်အသင်းစုဥက္ကဋ္ဌ ဦးစံသောင်းထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm