Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည့်ဖြိုးအောင်ဈေးသမဝါယမအသင်းလီမိတက်က ချေးငွေလုပ်ငန်းများ ဆောင်ရွက်


08 May,2023

ဝေါ၊ မေ ၈

          ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ ဘိုးဘုံရပ်ကွက်၊ စည်ပင်သာယာဈေးကြီးအတွင်းရှိ ပြည့်ဖြိုးအောင် ဈေးသမဝါယမအသင်းလီမိတက်သည် ဈေးအတွင်းရှိ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များအပါအဝင် အသင်းသား ၂၈၁ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်နေသည့် အသင်းဖြစ်ပြီး အသင်းသားများသို့ ချေးငွေထုတ် ချေးရာ တွင် သာမန်ချေးငွေနှင့် အရေးပေါ်ချေးငွေဟူ၍ ၂ မျိုး ထုတ်ချေး ဆောင်ရွက်ပေးလျက်ရှိသည်။

            သာမန်ချေးငွေထုတ်ချေးရာတွင် အသင်းသား၏ အစုနှင့် စုဆောင်းငွေ ၂ ရပ်ပေါင်း၏ ၃ ဆ မှ ၅ ဆ အတွင်း ထုတ်ချေးပေးလျက်ရှိပြီး အရေးပေါ်ချေးငွေအား အသင်းသားများ၏ ကျန်းမာရေး၊ ပညာရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထုတ်ချေးပေးသည်။ အသင်းအနေဖြင့် လက်လုပ်လက်စားအခြေခံလူတန်းစားများအတွက် စားဝတ်နေရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်နေသည့်အသင်းဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm