Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ် စံပြရောင်းဝယ်ရေးသမဝါယမအသင်းက အသင်းသားများအား ထောက်ပံ့ငွေများ ပေးအပ်


08 May,2023

ကျောက်ပန်းတောင်း၊ မေ ၈

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ စံပြရောင်းဝယ်ရေးသမဝါယမအသင်းက အသင်းသားများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းကို အဆိုပါ အသင်းရုံးခန်းမ၌ ပြုလုပ်ခဲ့ရာ အသင်းအမှုဆောင်များနှင့် အသင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် အသင်းဥက္ကဋ္ဌက သက်သာချောင်ချိရေးထောက်ပံ့ငွေအဖြစ် အသင်းသားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀  နှုန်းဖြင့် အသင်းသား ၁၄၈ ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၄၈၀၀၀၀  ကို အသင်းသားများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm