Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သတ္တမအကြိမ်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်းနှင့် ဘွဲ့နှင်းသဘင်ကြေညာချက်


04 May,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

သတ္တမအကြိမ်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်းနှင့်

ဘွဲ့နှင်းသဘင်ကြေညာချက်

၁။      သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ သတ္တမအကြိမ်ဘွဲ့နှင်းသဘင် အခမ်း အနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်-

လျှောက်လွှာတင်သွင်းရမည့်ရက်      -         (၂၆.၄.၂၀၂၃)ရက်နေ့မှ (၁၉.၅.၂၀၂၃)ရက်နေ့ထိ

အစမ်းလေ့ကျင့်ရမည့်ရက်               -         ၂၀၂၃ခုနှစ်၊မေလ(၂၆)ရက်(သောကြာနေ့)

အစမ်းလေ့ကျင့်ရမည့်အချိန်             -         နံနက်(၀၉:၀၀)နာရီ၊ (အစမ်းလေ့ကျင့်ခြင်းအားလျှောက်လွှာတင်သွင်းသူများ မပျက်မကွက်တက်ရောက်ကြပါရန်နှင့်နံနက်(၀၈:၃၀) နာရီတွင် နေရာယူပြီးဖြစ်ရန်)

ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက်          -         ၂၀၂၃ခုနှစ်၊မေလ(၂၇)ရက်(စနေနေ့)  

ဘွဲ့နှင်းသဘင်ကျင်းပမည့်အချိန်        -         နံနက်(၀၉:၀၀)နာရီ

-         စီးပွားရေးသိပ္ပံဘွဲ့       (၂၀၁၉-၂၀၂၀)ပညာသင်နှစ်

-         စီးပွားရေးသိပ္ပံဘွဲ့       (၂၀၂၂-၂၀၂၃)ပညာသင်နှစ်

-         ဘွဲ့လွန်ဒီပလိုမာ        (၂၀၁၉-၂၀၂၀)ပညာသင်နှစ်

-         မဟာဘွဲ့                  (၂၀၁၉-၂၀၂၀)(၂၀၂၁-၂၀၂၂)ပညာသင်နှစ်

-         Dip.HRM                 (၂၀၁၉-၂၀၂၀)ပညာသင်နှစ်

၂။       သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ သတ္တမအကြိမ် ဘွဲ့နှင်းသဘင်အား  (၂၀၁၉-၂၀၂၀) (၂၀၂၂-၂၀၂၃) ပညာသင်နှစ် စတုတ္ထနှစ်သင်တန်း၊ (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၂၀၁၉-၂၀၂၀) (၂၀၂၁-၂၀၂၂) ပညာသင်နှစ် မဟာဘွဲ့သင်တန်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် Dip.HRM ဒီပလိုမာသင်တန်း အောင်မြင်ခဲ့သူများ လျှောက်ထားနိုင်ပါသည်။

၃။      သတ်မှတ်လျှောက်လွှာပုံစံဖြင့်သာလျှောက်ထားရမည်ဖြစ်ပြီးလွန်ခဲ့သည့်သုံးလတွင် ရိုက်ကူး ထားသော (၂x ၁)လက်မ ရောင်စုံဓာတ်ပုံသုံးပုံ ပူးတွဲ၍ လျှောက်ထားရမည်။ ဓာတ်ပုံများသည် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ (အမျိုးသား)နှစ်သက်ရာဝတ်စုံကို အပြည့် အစုံဝတ်ဆင်၍ သပ်ရပ်စွာ ရိုက်ကူးထားသော ဓာတ်ပုံဖြင့်သာ လျှောက်ထားရမည်။

၄။      ဘွဲ့တက်ရောက်သူများသည် (၁၅၀၀)ကျပ် (ကျပ်တစ်ထောင့်ငါးရာကျပ်တိတိ)ကိုလည်းကောင်း အဝေးရောက်ဘွဲ့ယူမည့်သူများသည်(၁၀၀၀)ကျပ် (ကျပ်တစ်ထောင်တိတိ)ကိုလည်းကောင်း သမဝါယမ နှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ငွေလက်ခံဌာနတွင် ပေးသွင်းရပါမည်။

၅။      ရပ်ဝေးမှ ပေးပို့လိုသူများသည် စာတိုက်ငွေပို့လွှာ(Postal Money Order)ဖြင့် ပေးပို့ရမည်ဖြစ်ပြီး ငွေပို့လွှာ၏အောက်ခြေတွင် ဘွဲ့နှင်းသဘင်ကြေးပေးပို့ခြင်းဟုဖော်ပြရမည့်အပြင် လျှောက်လွှာရှင်၏အမည်၊ စာမေးပွဲအောင်သည့်ခုနှစ်၊လ၊ စာမေးပွဲခုံအမှတ် စသည်များကို တိကျစွာ ဖော်ပြလျှောက်ထားရမည်။ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ငွေပို့လွှာများကို လက်ခံစဉ်းစား ပေးမည် မဟုတ်ပါ။

၆။      ဘွဲ့တက်ရောက်ယူကြမည့်သူများသည် အစမ်းလေ့ကျင့်ပွဲနှင့် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်  မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံ(အမျိုးသား)တို့ကို အပြည့်အစုံ ဝတ်ဆင်မှသာ တက်ရောက်ခွင့်ပြုမည်။

၇။      တက်ရောက်ဘွဲ့လျှောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရန် ပျက်ကွက်သူ များ၏ ဘွဲ့လက်မှတ်ကို အဝေးရောက်ဘွဲ့လက်မှတ်များ ထုတ်ပေးသည့်အချိန်မှသာ ထုတ်ပေး မည်ဖြစ်သည်။

၈။      ဘွဲ့ဝတ်စုံများကို (၂၂.၅.၂၀၂၃)ရက်(တနင်္လာနေ့)၊ နံနက်(၀၉:၀၀)နာရီတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၌ ထုတ်ပေးမည်ဖြစ်သည်။ ဘွဲ့ဝတ်စုံ လာရောက်ထုတ်ယူပါက နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာရမည်။

၉။      အသေးစိတ်အချက်အလက်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဖုန်း ၀၇၂-၂၀၂၃၀၁၄၊ ၀၉-၄၀၀၄၆၈၁၆၄ တွင် စုံစမ်းနိုင်ပါသည်။

ဌာနမှူး

သင်တန်းရေးရာဌာန

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm