Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် ညောင်ပင်သာကျေးရွာအဝင်လမ်း မြေနီလမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး


02 May,2023

မကွေး၊ ဒေသဖွံ့ဖြိုးရေး

            မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ညောင်ပင်သာကျေးရွာအဝင်လမ်း မြေနီခင်းခြင်း  ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဧပြီ၂၉ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ဇင်လတ်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ မကွေးမြို့နယ် ညောင်ပင်သာကျေးရွာ ကျေးရွာအဝင်မြေနီ ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

        အဆိုပါ မကွေးမြို့နယ် ညောင်ပင်သာကျေးရွာအဝင်လမ်း အရှည်ပေ ၈၄ဝဝ၊ အကျယ် ၁၈ပေ၊ အမြင့် တစ်ပေထု မြေနီခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ယာဉ်၊ စက်ယန္တရားအကူအညီ၊ နည်းပညာအကူအညီ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် သိန်း ၈၀ ဖြင့် ဧပြီလဒုတိယပတ်မှစတင်၍ လုပ်ငန်းများဆောင်ရွက်ရာ ယခုအခါလုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ဇင်လတ် ထံမှ သိရသည်။

သူသူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm