Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


29 Apr,2023

နေပြည်တော် ဧပြီ ၂၈

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ကျေးရွာများအားလုံး မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းလာစေရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းသည့် ခေတ်မီစံပြကျေးရွာများဖြစ်ပေါ်လာစေရေး ရည်မှန်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေတိုးပွားစေရေး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ၏ ဝင်ငွေနှင့်လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနက ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိရာ ဒေသနေပြည်သူများ အနေဖြင့် လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ယနေ့ နေ့လည်ပိုင်းက  တပ်ကုန်း မြို့နယ် မကျီးပင်ကျေးရွာ၊ ဂွေးပင်(စံပြ)ကျေးရွာ၊ ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်းဖြစ် သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ အုပ်စု မကျီးပင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီ ရှင်းလင်းဆောင်၌ ဒေသခံပြည်သူ များနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံရာ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက မကျီးပင်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နဝင်း ချောင်းယာယီချောင်းပိတ်ဆည် တည်ဆောက်ခြင်း၊ ရေပေးမြောင်းတူးဖော်ခြင်း ဆိုလာ စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ တစ်မိသားစု ချင်း၏ ဝင်ငွေတိုးပွားရေး မိုးစပါးအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုနှင့် နည်းပညာများ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ကျေးရွာရှိစိတ်တူ ကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်း ထူထောင်ပြီး စီးပွားဖြစ်လယ်ယာ ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူကျေးရွာသားများ အားလုံးပူးပေါင်းလုပ်ဆောင်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ များကို ဆွေးနွေးပြီး ဒေသပြည်သူခံများမှ ကျေးရွာလိုအပ်ချက် တင်ပြချက်မှုအပေါ် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးပြီးနောက် ကျေးရွာတောင်သူများ၏ စိုက်ပျိုးမြေ ဧက ၂၀၀ ဧကကျော် အကျိုးပြု ပေးနိုင်မည့် ယာယီချောင်းပိတ်ဆည်၊ ရေပေးမြောင်းနှင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေး ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှု အားပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဂွေးပင် ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဂွေးပင်ကျေးရွာ စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက အဆင့်မြင့်လယ်ယာမြေများ ပေါ်တွင် နွေးစပါး ၉ ဒသမ ၀၉ ဧကနှင့် နွေသီးနှံပဲတီစိမ်း ၆၂ ဒသမ ၅၂ ဧက စိုက်ပျိုး ထားရှိမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ တောင်သူများက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှု များအပေါ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်နှင့်ဌာနဆိုင်ရာများမှ လိုအပ်သည့်အဆင့်မြင့် လယ်ယာမြေ ဖော်ထုတ် ခြင်း၊ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ခြင်းနှင့် နည်းပညာ အကူအညီများ ဆောင်ရွက ပေးပြီးဖြစ်၍ တောင်သူများအနေဖြင့် အဆိုပါ စိုက်ပျိုးမြေများပေါ်တွင် အမှန်တကယ် စိုက်ပျိုးကြရန်၊ ကိုယ်အားကိုယ်ကိုး ဆောင်ရွက်ကြရန်၊ ကိုယ်လုပ်မှ ကိုယ်ရမည်ဖြစ်၍ ကျေးရွာခေါင်းဆောင်များမှလည်း စည်းရုံးဆောင်ရွက်ကြဖို့လိုအပ် ကြောင်း၊ မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ် (၃)သီး စိုက်ပျိုး ခြင်းအားဖြင့် ကျေးရွာ တောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာ ဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြား လိုပါကြောင်း ဆွေးနွေးမှာကြား ပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆောင်ရွက်လျက်ရှိသည့် ဆင်သေချောင်း ယာယီချောင်း ပိတ်ဆည် ဝဲယာရှိ ဇေယျာသီရိမြိုနယ် ရှားစေးဖိုကျေးရွာသို့ ရောက်ရှိရာ ရှားစေးဖိုကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်သည့် ရေတင်လုပ်ငန်းမှ သမဝါယမစိုက်ပျိုးတောင်သူများ၏ စပါး၊ နှမ်း၊ ပဲတီစိမ်း၊ ပြောင်း၊ သပြေပင် စုစုပေါင်းစိုက်ဧက ၁၆၀ ဧကစိုက်ပျိုးပြီးစီးမှု အခြေအနေ များအား လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာနှင့် ဘဲကုန်းကျေးရွာ တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဆင်သေ ချောင်း ယာယီရေထိန်းဆည်နှင့် လျှပ်စစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးတောင်သူ (၆၅)ဦး၏ နေကြာ၊ နှမ်း၊ ပဲတီစိမ်း၊ ပြောင်း စုစုပေါင်းစိုက်ပျိုးဧက ၁၈၅ ဧကစိုက်ပျိုးနေမှု အခြေအနေ များအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာ တောင်သူများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရမှ ကျေးရွာနေ ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ လုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးနိုင်သည့် မြေများတွင် ရာသီအလိုက်သီးနှံများ အမှန်တကယ် စိုက်ပျိုးဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm