Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ်၊ ဆွတ်ရှနန် သဘာဝမြေဩဇာထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ သဘာဝမြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ


28 Apr,2023

မြစ်ကြီးနား၊ ဧပြီ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာရှိ ဆွတ်ရှနန်သဘာဝမြေဩဇာ ထုတ်လုပ် ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ကြက်ချေး၊ နွားချေး၊ နုန်းမြေ၊ စပါးခွံမီးသွေး၊ မုန့်ညှင်းကြိတ်ဖတ်၊ တင်လဲရည်၊ CEM တို့ဖြင့် အာဟာရပါဝင်မှု အချိုးညီစွာဖော်စပ်၍ သဘာဝမြေဩဇာများအား ထုတ်လုပ်လျက်ရှိသည်။

ထိုသို့ထုတ်လုပ်ရာတွင် ၁ တန်လျှင် သဘာဝမြေဩဇာ ၁၆ အိတ် နှင့် ၁၇ အိတ်ကြား၊ တစ်ရက် လျှင် ၃ တန် ထုတ်လုပ်နိုင်ပြီး သဘာဝမြေဩဇာအိတ် ၅၀ မှ ၆၀ ကြား ထွက်ရှိသည်။ စက်ရုံ အနေဖြင့် တစ်လလျှင် တန်ချိန် ၅၀ မှ ၇၀ ကြားထွက်ရှိပြီး အိတ်ရေ ၉၀၀ မှ ၁၀၀၀ ကြား ထုတ်လုပ် နိုင်ကြောင်းနှင့် ၂၅ kg အိတ်များ ပြုလုပ်၍ ပြည်နယ်အတွင်း၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သော တောင်သူများအား ဈေးနှုန်း သက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm