Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရန်ကုန်မြို့ မြန်မာ့လက်မှုအနုပညာစင်တာအား ကြည့်ရှုစစ်ဆေး


27 Apr,2023

နေပြည်တော် ဧပြီ ၂၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧပြီလ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဥက္ကာလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မြန်မာ့ လက်မှုအနုပညာစင်တာအား ကြည့်ရှုစစ်ဆေးသည်။

ထို့သို့စစ်ဆေးရာတွင် မြန်မာ့လက်မှုအနုပညာစင်တာ တာဝန်ခံနှင့် တာဝန်ရှိသူများ၏ လက်မှုစင်တာအတွင်း ခင်ကျင်းပြသထားမှုများ၊ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှု အပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး စင်တာအတွင်း ခင်းကျင်းပြသထားသည့် တူရိယာပစ္စည်းများ၊ ရက်ကန်းထည်များ၊ ယွန်းထည်များ၊ မြန်မာ့လက်မှု ပန်းပုလက်ရာများ၊ ကျွန်းနက်ပန်းပုလက်ရာများ၊ ကျောက်စိမ်းပန်းပုနှင့် ကျောက်မျက် ရတနာများ၊ သစ်တောနှင့် တွင်းထွက်ပစ္စည်းများ၊ အမှတ်တရပစ္စည်း အရောင်းပြခန်းများကို ကြည့်ရှု အားပေးခဲ့ သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းရုံးတွင် တိုင်း/ ခရိုင်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မူဝါဒများ အောင်မြင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSME လုပ်ငန်းများ အောင်မြင်ရေးတို့အတွက် ဦးစီးဌာနအချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်း‌ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန်နှင့် မိမိဘဝတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေ မှုများ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm