Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်VDP စီမံကိန်း ကျေးရွာရွေးချယ်ပွဲကျင်းပ


27 Apr,2023

မိတ္ထီလာ ဧပြီ ၂၇ ရက်

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ်ဍာနှစ်တွင်အကောင်အထည် ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ကျေးရွာရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်အောင်လေးက အမှာစကားပြောကြားသည်။

ဆက်လက်၍ မိတ္ထီလာမြို့နယ်ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလွင်ကစီမံကိန်းကျေးရွာရွေးချယ် ရေးသတ််မှတ်စည်းမျဉ်း၊စည်းကမ်းများနှင့်စီမံကိန်းကျေးရွာများရွေးချယ်ပေးရာတွင်အမှန်တကယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရန် လိုအပ်သည့်ကျေးရွာများကို ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာရွေးချယ်ပွဲတက်ရောက်လာကြသည့် မိတ္ထီလာမြို့နယျစီမံအုပျခြုပျရေးအဖှဲ့ဥက်ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူ များက မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ တစ်ရွာ နှင့်ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာ ၁၀ ရွာ စုစုပေါင်းကျေးရွာ ၁၁ ရွာကို သတ်မှတ် ထားသည့်ကျေးရွာရွေးချယ်ရေးစည်းမျဉ်း၊စည်းကမ်းများနှင့်အညီဦးစားပေးအလိုက်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm