Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးမှု စစ်ဆေး


26 Apr,2023

ကျောက်မဲ ဧပြီ ၂၆ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေ၊ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် မိုင်းတင်းကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း

၊ကျောက်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆမ်သိန်းနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ မိုင်းတင်းကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းက ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရေးဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

မိုင်းတင်းကျေးရွာ၌ အလျား၂၄ ပေ ၊အနံ့ ၁၆ ပေ၊ အမြင့် ၁၂ ပေရှိကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀၊ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်  ဒသမ  သိန်း စုစုပေါင်းငွေကျပ် ၁၀၅ ဒသမ  သိန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများက နည်းပညာပံ့ပိုးကာ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ၂၀၂၂ခုနှစ်အောက်တိုဘာ တတိယပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာဘက်စုံသုံးခန်းမတည်ဆောက် ခြင်းလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် မိုင်းတင်းကျေးရွာရှိ ကျေးလက်နေပြည်များ၏ လူမှုရေး၊ပညာရေးနှင့်အခြားကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း ကျောက်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆမ်သိန်းက ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm