Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး လုပ်ငန်းခွင်အကြို သင်တန်းသား သင်တန်းသူများအား တွေ့ဆုံမှာကြား


24 Mar,2023

နေပြည်တော် မတ် ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် တောင်ကြီး မြို့၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ခရိုင် အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ရှမ်းပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သမဝါယမစနစ်ဖြင့် နွားမွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစီးဌာနအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ကြိုတင်ကွင်းဆင်း ဆောင်ရွက်ရေး၊ ပါတီ နိုင်ငံရေးကင်းရှင်းရန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်၍ ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်ရေး မှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်ရေး ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများ တွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အငယ်တန်းစာရေး၊ စာရင်းကိုင် (၄)၊ ဒုလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ အငယ်တန်းအင်ဂျင်နီယာ (၃) နှင့် (၄) တို့အား တွေ့ဆုံ၍ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မူဝါဒ လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး ဘာသာရပ်ဆိုင်ရာအလိုက် ကျွမ်းကျင်မှုရှိအောင် လေ့လာသင်ယူကြရန်၊ တာဝန်ကျရာ ဒေသ အသီးသီးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟဲဟိုးမြို့အနီးရှိ မျိုးချစ်နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်ပြီး ဖရစ်ရှန်နို့စားနွား (၄၃) ကောင် မွေးမြူထားမှုအား ကြည့်ရှုလေ့လာရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင် နှင့် လုပ်ငန်းရှင် ဒေါ်နီနီအောင်တို့က လိုက်လံရှင်းလင်းပြသသည်။

အဆိုပါ နွားမွေးမြူရေးလုပ်ငန်းမှ ဒိန်ချဉ်၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင် ဆောင်ရွက်လျက်ရှိပြီး နွားမွေးမြူရေး အတွက် နေဗီယာနှင့် မွန်ဘားဆား မြက်များကိုလည်း စနစ်တကျ စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm