အိမ်မဲ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာနှင့် ပဒက်ကျေးရွာ ဆက်သွယ်သည့် ကွန်ကရစ်လမ်းအား ယမန်နေ့မွန်းလွဲပိုင်းက တက်ရောက်ဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးမှူး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းသိန်းတို့က ရွာသစ်ပဒက် ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ရွာသစ်-ပဒက်လမ်းမှာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ၁၉၁ ဒသမ ၁၃၉ သန်းဖြင့် ဧရာဝတီဘောဂကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)
Related News and Articles
Dial these numbers and email in case of any emergency