Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တော်ဝင်မိုင်းယောင်းအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်ပိုင် တန် ၃၀ ဆန်စက်က စပါးများ ကြိတ်ခွဲဆောင်ရွက်လျက်ရှိ


17 Mar,2023

မိုင်းယောင်း၊ မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်ရှိ နန့်ယွန်းကျေးရွာတွင် တော်ဝင်မိုင်းယောင်း အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်ပိုင် တန် ၃၀ ဆန်စက်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အသင်းပိုင်ဆန်စက်လုပ်ငန်းအတွက် လိုအပ် သောစပါးများအား လွယ်ကူစွာ ဝယ်ယူရရှိနိုင်စေရန်နှင့် ဒေသတွင်း ဆန်ဖူလုံစေရန်အတွက်  စပါး စိုက်တောင်သူများအား စုစည်း၍ သမဝါယမအသင်း ၉ သင်းကို ဖွဲ့စည်းခဲ့ပြီး တောင်သူများနှင့် ချိတ်ဆက်၍ စပါးဝယ်ယူကြိတ်ခွဲဆောင်ရွက်လျက်ရှိသည်။

အသင်းအနေဖြင့် ဒေသခံတောင်သူများထံမှ ဒေသထွက်စပါးမှော်ဘီ - ၃ နှင့် ကောက်ညှင်း စပါးများ ဝယ်ယူ၍ အသင်းပိုင်ဆန်စက်တွင် တစ်ရက်လျှင် တန် ၃၀ အိတ် ၁၀၀၀ ကြိတ်ခွဲနိုင်ပြီး ဆန်လုံးချောများကို ကီလိုဂရမ်ဖြင့် အသင်းသားများနှင့် စားသုံးသူများထံသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm