Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ‌ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


17 Mar,2023

နေပြည်တော် မတ် ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွား‌ရောက် ကာ သင်တန်းသူများ၏ လက်တွေ့လေ့လာသင်ယူနေမှုများ၊ သင်တန်းသူ စားရိပ်သာနှင့် အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တောင်ကြီးမြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်း၌ ဖွင့်လှစ်လျက်ရှိသော မဲခေါင်-လန်ချန်း စီမံကိန်းဆိုင်ရာ မွမ်းမံသင်တန်းသို့ တက်ရောက် နေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အသီးသီးမှ သမဝါယမဦးစီးဌာနဝန်ထမ်းများအား တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ မိမိဘဝတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးသို့ သွားရောက်ကာ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်တွေ့ဆုံ၍ သမဝါယမစနစ်ဖြင့် နွား နှင့် ဝက် မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအဆောက်အဦအား ကြည့်ရှုစစ်ဆေး သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သော အရှည် (၂.၁၇၆) ကီလိုမီတာရှိ ဟွေ့ရေခေါက်-ဒုံလိတန်-ဆီဟိုးလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် တောင်ကြီး-လွိုင်လင် လမ်း မိုင်တိုင်အမှတ် ၁၄၄ မှ ကျူခရိန်းကျေးရွာသို့ လမ်းပြုပြင်ဖောက်လုပ်ရေးနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မွေးမြူရေးဇုန် ပြုလုပ်မည့်နေရာတို့အား သွားရောက်ကြည့်ရှုကြသည်။

ထို့နောက် ဟိုနားကျေးရွာသို့ ဆက်လက်ထွက်ခွာကာ အိမ်သွယ်ရေတိုင်စနစ် ဆောင်ရွက်ပေး ထားမှုနှင့် ပညာရေးဝန်ထမ်းများအတွက် အိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး ၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် တောင်ကြီးမြို့နယ်၊ ကက္ကူ(တောင်)‌ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ရေပေးရေး လုပ်ငန်း တို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်ပြီး ကက္ကူ(အရှေ့)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း VDP ဖြင့် ဆောင်ရွက်ခဲ့သည့် မူကြိုကျောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် နားဟီးကျေးရွာအုပ်စု၊ ဟမ်းဆီးကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်း (၃၀၀) အား ပေးအပ်ပြီးနောက် PNO အဖွဲ့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ၁၉၉၁ ခုနှစ်မှစ၍ ဟမ်းဆီးကျေးရွာအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ခံစားခဲ့ရသည့် ကျေးရွာဖြစ်ကြောင်း၊ ပအိုဝ်းဒေသ ဆက်လက်ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း VDP ရန်ပုံငွေ၊ ကျေးရွာမှ ထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကျေးရွာဘက်စုံ သုံးခန်းမ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm