Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုင်ရမ်း-ထီးထားပလို- ကော့သလို- တလံ-ရေအေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်


13 Mar,2023

ဘားအံ မတ် ၁၀

          (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ပိုင်ရမ်း-ထီးထားပလို- ကော့သလို-တလံ-ရေအေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၁၀ ရက် က အဆိုပါလမ်း မုခ်ဦးတည်နေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်အမှာ စကားပြောကြားသည်။

         ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် လမ်းသည် ကရင်ပြည်နယ်၏ အဓိကလမ်းမကြီးများ၊ ပြည်နယ်ချင်းဆက်လမ်းမကြီးများဖြစ်သည့် သထုံ-ဘားအံ –အိန္ဒု - ကော့ကရိတ်-မြဝတီအာရှလမ်းမကြီး၊ ဘားအံ- အိန္ဒု-ဇာသပြင်လမ်းနှင့် ဘားအံ-ဇာသပြင်အဖြောင့်လမ်းတို့အား အဓိက ဆက်သွယ်ပေးထားသည့် လမ်းတစ်လမ်းဖြစ်သည့်အပြင် မဟာဆဒ္ဒန်လိုဏ်ဂူတော်သို့ ဒေသခံပြည်သူများ၊ ရပ်နီး/ရပ်ဝေးဘုရားဖူးခရီးသွားဧည့်သည်များ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေကာ ပြည်နယ်၏ ခရီးသွားလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းတံတားများဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ဒေသထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိစေမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ရက်များ အသုံးပြု၍  အမြန်ဆုံး ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

           ထို့နောက် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

         ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပိုင်ရမ်း - ထီးထားပလို - ကော့သလို - တလံ - ရေအေးလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းသစ်ကို ဖြတ်သန်းကြည့်ရှု စစ်ဆေးကြကြောင်းသိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm