Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ် ထန်းပင်ကန်-မှရိုးအမြန်လမ်း(မှရိုးအမြန်လမ်းပိုင်း)ကတ္တရာလမ်းသစ်ဖွင့်


10 Mar,2023

မလှိုင် မတ် ၉

                    (၇၈)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မလှိုင်မြို့နယ် ထန်းပင်ကန်-မှရိုးအမြန်လမ်း (မှရိုးအမြန်လမ်းပိုင်း) ကတ္တရာလမ်းသစ်ဖွင့်ပွဲကို မတ် ၇ ရက်တွင် အဆိုပါလမ်းပေါ်ရှိ မုခ်ဦး၌ကျင်းပသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားသည်။

                  ဆက်လက်၍ ကတ္တရာလမ်းသစ်အား အမှတ်(၁) ခုတင်(၅၀၀)စစ်ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းအောင်၊ မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်စိုး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးကျော်ဇေယျလင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

                 အဆိုပါ ကတ္တရာလမ်းအား တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၃၀ ဖြင့် ထူးပြည့်သာ ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

         မြထွန်း(မလှိုင်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm