သံဖြူဇရပ်၊ မတ် ၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး (MSMEs Talk Show) စကားဝိုင်းဆွေးနွေးပွဲကို မတ်လ ၆ ရက်နေ့က ပညာ့ ဗိမာန်ခန်းမ၌ ကျင်းပခဲ့ရာ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်၊ နည်းပညာတက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာမျိုးဇော်အောင်၊ ပြည်နယ်ပညာရေးဌာန ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနေဇော်အောင် တို့က သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးကြပြီး၊ အခမ်းအနားစီစဉ်သူ(Moderator)အဖြစ် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်ဝင့်သိင်္ဂီကျော်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ၌ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သမဝါယမအကြောင်းသိကောင်းစရာနှင့် ပြည်နယ်အတွင်းသမဝါယမလုပ်ငန်းများဆောင်ရွက်မှု အခြေ အနေခေါင်းစဉ်ဖြင့် သမဝါယမ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ မြန်မာနိုင်ငံတွင် သမဝါယမလုပ်ငန်းများအစပြု ခဲ့ပုံ၊ ခေတ်အဆက်ဆက်သမဝါယမကဏ္ဍမှ လူမှုစီးပွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ သမဝါယမဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် သမဝါယမအသင်းများဖွဲ့စည်း ခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် သမဝါယမအသင်းလုပ်ငန်းများ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး တည့်မတ်ဆောင်ရွက်ခြင်း၊ ပြည်နယ်အတွင်း သမဝါယမကဏ္ဍမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် ငွေစုငွေချေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးပွဲတက်ရောက်လာသူများ မှ သိလိုသည့်အချက်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ သံဖြူဇရပ်မြို့နယ်မှ ဌာနဆိုင်ရာများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။
Related News and Articles
Dial these numbers and email in case of any emergency