Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ သမဝါယမအသင်းများက စိုက်ပျိုးထားသည့် ပဲတီစိမ်းများထွက်ရှိ


08 Mar,2023

ကန်ကြီးထောင့်၊ မတ် ၈

သမဝါယမကဏ္ဍက ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း မိကျောင်းတစ်ရာကျေးရွာရှိ အောင်မြန်မာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းက ပဲတီစိမ်း ၅၇ ဧက၊ သဘော့ငူကျေးရွာရှိ သဘော့ငူစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းက ပဲတီစိမ်း ၂၂၂ ဧက၊ ကွင်းယားကြီး ကျေးရွာရှိ ကွင်းယားကြီးစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းက ပဲတီစိမ်း ၁၆၁ ဧကနှင့် ဘုရားကျောင်းကျေးရွာရှိ မန်းရတနာစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း က ပဲတီစိမ်း ၅၅၀ ဧက၊ စုစုပေါင်းစိုက်ဧက ၉၉၀ စိုက်ပျိုးခဲ့ရာ တစ်ဧကပျှမ်းမျှ ၅ တင်းမှ ၁၀ တင်းခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm