Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးကုတ်မြို့နယ်သမဝါယမအသင်းစုလီမိတက်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


08 Mar,2023

မိုးကုတ် ၊ မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့်၂၀၂၁-၂၀၂၂(Mini Budget)ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။ အစည်း အဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင် အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အခမ်းအနားမှူးအဖြစ် ဦးစီးမှူး ဒေါ်အေးသန္တာအောင်က ဆောင်ရွက်ခဲ့သည်။ ထို့နောက် သဘာပတိ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမြင့်အောင်တို့က အမှာ စကားပြောကြားခဲ့သည်။ အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာကို မြို့နယ်သမဝါယမအသင်းစုမှ အဖွဲ့ဝင် ဦးစိုးဝင်းကလည်းကောင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာကို အသင်းစာရင်းစစ်အဖွဲ့ ခေါင်းဆောင် ဦးထွေးအောင်က လည်းကောင်း၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို  စာရင်းစစ် ဦးကောင်းဇော်ဟိန်းကလည်းကောင်း အသီးသီးဖတ်ကြားပြီး တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူကာ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ် သိမ်းခဲ့ကြောင်း သိရသည်။

           


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm