ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ


08 Mar,2023

ပုသိမ်၊ မတ်လ ၈

ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)တွင် အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ ပြင်ပကျွမ်းကျင်ပညာရှင်များနှင့် မြို့နယ်(၂၆)မြို့နယ်မှ သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြ သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး ဦးစီးမှူးမှ ရုံးလုပ်ငန်းများကျွမ်းကျင်စေရေး၊ ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း စနစ်တကျလေ့လာ သင်ယူမှတ်သားရန်၊ သင်တန်းသားများ မိမိအရည်အသွေးအား မြှင့်တင်ကြရန်၊ လုပ်ငန်းခွင်တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။

အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို (၆-၃-၂၀၂၃) မှ (၂၀-၃-၂၀၂၃)ရက် နေ့အထိ တိုင်းဒေသကြီးအတွင်းရှိ (၂၆)မြို့နယ်မှ အငယ်တန်းစာရေးရာထူးဖြင့် တာဝန်ထမ်းဆောင် လျက်ရှိသော သင်တန်းသား/သူ (၄၀)ဦးတို့အား တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm