ညောင်လေးပင်၊ မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းသည် အသင်းသား ၆၁ ဦး၊ စိုက်ဧက ၅၇၀ ဧကရှိပြီး အသင်းသားများက ပဲတီစိမ်းနှင့် နွေစပါးများ စိုက်ပျိုးကြသည်။ အသင်းပိုင် စိုက်ဧကများအနက်မှ ဧက ၃၅၀ ပေါ်တွင် ရေဆင်း-၁၄ ပဲတီစိမ်းမျိုးကို စိုက်ပျိုးခဲ့ပြီး ပဲတီစိမ်းတစ်ဧကလျှင် ၁၅ တင်း နှုန်းဖြင့် ပဲတီစိမ်းတင်းပေါင်း ၅၂၅၀ ထွက်ရှိခဲ့သည်။
ယခုအခါ အသင်းပိုင်စိုက်ဧက ၃၀၀ ပေါ်တွင်လည်း နွေစပါး (ထိုင်းမနောမျိုး)များ စိုက်ပျိုး ထားရှိရာ ထွက်ရှိချိန်တွင် တစ်ဧကလျှင် ပျှမ်းမျှတင်း ၈၀ ထွက်ရှိမည်ဖြစ်ပြီး နေကြာသီးနှံများကို လည်း စိုက်ပျိုးထားရှိိကြောင်း သိရသည်။
Related News and Articles
Dial these numbers and email in case of any emergency