Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများအား တွေ့ဆုံမှာကြား


01 Mar,2023

နေပြည်တော် မတ် ၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဦးစီးဌာနများမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များအောင်မြင်ရေး အားစိုက်ကြိုးပမ်း ဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနရှိ ဦးစီးဌာန()ခုက အချိတ် အဆက်မိမိ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုအောင်မြင်နိုင်မည်ဖြစ်သဖြင့် ဝန်ကြီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်လမ်း၊ တံတား၊ ကျေးလက်ကုန်ထုတ်လမ်း၊ ရေရရှိရေး၊ မီးလင်းရေး လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အလိုက် အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီး ရေးဆောင်ရွက်ကြရန်၊ သီးထပ်စိုက်ပျိုးနိုင်သော နေရာဒေသများတွင် ယာယီချောင်းပိတ်၊ မြောင်း ပိတ်၊ ဆိုလာပန့်များဖြင့် ရေရရှိရေး ဆောင်ရွက်ပေးရန်၊ သမဝါယမအသင်းအရောင်းဆိုင်များတွင် ပြည်သူများ အမှန်တကယ်လိုအပ်ပြီး ဝယ်လိုအားမြင့်မားသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်း ချပေးရန်၊ ဒေသထွက်ကုန် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန် (Value Added)များ ထုတ်လုပ်နိုင် ရေး သင်တန်းများ ပို့ချဆောင်ရွက်သွားရန်၊ သင်တန်းအောင်မြင်ပြီး ထူးချွန်သင်တန်းသားများ အတွက် လိုအပ်သည့် အရင်းအနှီး၊ နည်းပညာများ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးရန်၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

          ဆက်လက်ပြီး ဦးစီးဌာနများမှ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm