Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောင်တောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်းများ ဆောင်ရွက်


27 Feb,2023

မောင်တော ဖေဖော်ဝါရီ ၂၅

              ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ရန်အောင်ပြင်-ဝက်ကျိန်း(မြို)ကျေးရွာချင်းဆက်လမ်းအရှည် ၀ ဒသမ ၄၁ ကီလိုမီတာအား ၅၀ -၁၀၀ မီလီ မီတာ ခွဲကျောက်ဖြင့် ၄ ဒသမ ၂၇ မီတာ အကျယ်၊ ၁၅၀ မီလီမီတာ ထုခင်း၍ ၃ ဒသမ ၆၆ မီတာ အကျယ် ၁၇၅ မီလီမီတာထု ကွန်ကရစ်ခင်းခြင်း၊ ၂၂၅ မီလီမီတာထုအမာခံလမ်းပခုံးခင်းခြင်း လုပ်ငန်းကို ဖိုးကံကောင်း ကုမ္ပဏီကလည်းကောင်း၊  တောင်ပြို- ကြိမ်ချောင်းသွား ကားလမ်းမှ ဝက်ကျိန်းဘုရားသွား လမ်း အရှည် ၀ ဒသမ ၆၆၅ ကီလိုမီတာအား ၅၀-၁၀၀ မီလီမီတာ ခွဲကျောက်ဖြင့် ၄ ဒသမ ၂၇ မီတာ အကျယ်၊ ၁၅၀ မီလီမီတာထုခင်း၍ ၃ ဒသမ ၆၆ မီတာ အကျယ်၊ ၁၇၅ မီလီမီတာထု ကွန်ကရစ်ခင်းခြင်း၊ ၂၂၅ မီလီ မီတာထု အမာခံလမ်းပခုံးခင်းခြင်း လုပ်ငန်းကို ဇွဲကောင်းထက် ကုမ္ပဏီက လည်းကောင်း ၊ ပြည်နယ်ရန်ပုံငွေဖြင့် တရိန်း(ရခိုင်) - တရိန်း(မြို)ကျေးရွာချင်းဆက်လမ်းအရှည် ၀ ဒသမ ၇၂၇ ကီလိုမီတာအား ၅၀ -၁၀၀ မီလီမီတာ ခွဲကျောက်ဖြင့် ၄ ဒသမ ၂၇ မီတာ အကျယ်၊ ၁၅၀  မီလီမီတာထု အခြေခံလွှာခင်းကြိတ်၍ ၃ ဒသမ ၆၆ မီတာ အကျယ်၊ ၁၇၅ မီလီမီတာထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို Akran Light ကုမ္ပဏီက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း မောင်တောခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းရန်နိုင်သူနှင့် တာဝန်ရှိသူများ ယနေ့တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်) 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm