Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကွင်းဆင်းဆောင်ရွက်


01 Mar,2023

နေပြည်တော် ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဦးစီးဌာနများမှ ဝန်ထမ်း များနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ မိသားစု ဝင်ငွေတိုးပွားရေးတို့အတွက် စီးပွားရေးအထောက်အကူပြု စိုက်ပျိုးမွေးမြူရေးအခြေခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများ အောင်မြင်ရေး မိမိတို့ဝန်ကြီးဌာနမှ တတ်စွမ်းသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသထွက်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့် စားသောက်ကုန် (Value Added) များ ထုတ်လုပ်နိုင်ရေး သင်တန်းများ ပို့ချဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သင်တန်းအောင်မြင်ပြီး ထူးချွန်သင်တန်းသားများအတွက် လိုအပ်သည့် အရင်းအနှီး၊ နည်းပညာများ ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ကျေးလက်အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသကဲ့သို့ ကျေးလက်ရေရရှိရေး၊ မီးလင်းရေး၊ လမ်း၊ တံတားများ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် အရည်အသွေး ပြည့်မီစွာ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိဦးစီးဌာနနှင့်သာ သက်ဆိုင်သည်ဟု သဘောမထားဘဲ ဦးစီးဌာန (၄) ခုလုံး ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှသာ ပိုမိုထိရောက်မြန်ဆန် အောင်မြင်နိုင်မည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးဌာနများမှ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်း များအား ဘဏ္ဍာနှစ်အလိုက် အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရန်၊ သီးထပ်စိုက်ပျိုးနိုင်သော နေရာဒေသများတွင် ယာယီ ချောင်းပိတ်၊ မြောင်းပိတ်၊ ဆိုလာပန့်များဖြင့် ရေရရှိရေး ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများ၊ သမဝါယမ လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများအား ပြည်သူများ ထင်သာမြင်သာ ရှိစေရေး ဝန်ထမ်းများက အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြရမည်ဖြစ်ပြီး အမှန်တကယ် အလုပ်လုပ်လိုသူများဖြင့်သာ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်ကြရန်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်မှာကြားကာ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm