Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

EFIစနစ်သုံးအဆင့်မြင့်မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း(TOT)သင်တန်းအမှတ်စဉ်(၈/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ


27 Feb,2023

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

            အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချရာတွင် အရည်အချင်းပြည့်ဝသည့် သင်တန်းနည်းပြများ ပေါ်ထွက်လာစေရန်နှင့် ပြည်သူများအတွက် အကျိုးရှိပြီး လက်တွေ့အသုံးချနိုင်သည့် နည်းပညာများပြန်လည်ဖြန့်ဝေပေးနိုင်ရန်အတွက် EFI စနစ်သုံး အဆင့်မြင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း(TဝT)သင်တန်း အမှတ်စဉ်(၈/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ Incubation Centre ၌ ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင်  ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ ဌာနမှတာဝန်ရှိသူများနှင့် သင်တန်းသား(၁၇)ဦး စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့၏ဌာနသည် ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ တစ်ဦးချင်း ဝင်ငွေတိုးပွားရေးများအတွက် Vocational Training သင်တန်း များ ဖွင့်လှစ်ဆောင်ရွက်လျက်ရာ အရည်အချင်းပြည့်ဝသည့် သင်တန်းနည်းပြများ ထွက်ပေါ်လာစေရန် နှင့် ပြည်သူများအတွက် အကျိုးရှိပြီး လက်တွေ့အသုံးချနိုင်သည့် နည်းပညာများ ပြန်လည်ဖြန့်ဝေ ပေးနိုင်ရန်အတွက် ယခုလို Training of Trainers (TဝT) သင်တန်းများ ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် စက်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း နည်းပညာတစ်ခုဖြစ်သည့် EFI စနစ်သုံး အဆင့်မြင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း(TဝT) သင်တန်းဖြစ်ကြောင်း၊ နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အညီ နည်းပြများ၏ အရည်အသွေးကို မြှင့်တင်ပေး လိုခြင်းကြောင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း ပညာတတ်မြောက်ပြီး နည်းပြများ အတွက် ယခုလို EFI စနစ်သုံး အဆင့်မြင့်မော်တော်ဆိုင်ကယ် ပြုပြင်ထိန်း သိမ်းနည်း (TဝT)သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ်အခါ EFI စနစ်သုံး အဆင့်မြင့်မော်တော်ဆိုင်ကယ်တွေ (တစ်နည်းအားဖြင့်) အော်တိုဆိုင်ကယ်တွေကို မြို့ပြများမှာသာမက ကျေးလက်ဒေသများမှာပါ လမ်းပန်းဆက်သွယ်ရေးအတွက် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါကြောင်း၊ ထိုသို့အသုံးပြုမှုများသည့် စက်ယာဉ်များသည် အချိန်ကြာလာသည်နှင့်အမျှ ချို့ယွင်းပျက်စီးမှုတွေဖြစ်ပေါ်လာပြီး ပြုပြင်ထိန်းသိမ်းရန် လိုအပ်လာမည်မှာ မလွဲမသွေပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာရပ်သာမက အဆင့်မြင့်ဆိုင်ကယ်များကို ပြုပြင်ထိန်းသိမ်းသည့်နည်းပညာများ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားမည်ဆိုပါက အီလက်ထရောနစ်ပိုင်းဆိုင်ရာအော်တိုဆိုင်ကယ် များ ပြုပြင်ခြင်းလုပ်ငန်းတစ်ခုကို ထူထောင်နိုင်မှာ ဖြစ်သည့်အတွက် ယခုသင်တန်းသည် များစွာ အကျိုးရှိ သည့်သင်တန်းတစ်ခုဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသား ထူးချွန်ဆုကိုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်၍ သင်တန်းသားများအနေနှင့် သင်တန်း ကပို့ချပေးတဲ့ နည်းပညာများကို စာတွေ့ လက်တွေ့ အထူးအလေးထား သင်ယူလေ့လာကြရန် မှာကြားလိုပါကြောင်း၊ လက်တွေ့ လုပ်ငန်းခွင်တွင် ပြန်အသုံးချနိုင်အောင် စွမ်းအား ရှိသလောက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

          ထို့နောက် သင်တန်းတွင်သင်ကြားမည့် သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို တိုင်းနှင့်ပြည်နယ်ရုံးများ၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းများ၊ ခရိုင်ရုံးများမှ သင်တန်းသား(၁၆)ဦး၊ ရုံးချုပ်မှ (၁)ဦး  စုစုပေါင်း သင်တန်းသား(၁၇)ဦးတို့ကို (၂၇.၂.၂၀၂၃) ရက်နေ့မှ (၁၃.၃.၂၀၂၃)ရက်နေ့အထိ (၁၅) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm