နေပြည်တော် ဖေဖော်ဝါရီ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) သို့ ရောက်ရှိပြီး တက္ကသိုလ်အဝင် အဓိပတိလမ်း တိုးချဲ့ဖောက်လုပ်ရေး လုပ်ငန်းကိုလည်းကောင်း၊ တက္ကသိုလ်ဝင်းအတွင်း နည်းပညာသင်တန်းများ ဖွင့်လှစ်နိုင်ရန် တည်ဆောက်ဆဲဖြစ်သော အဆောက်အဦအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် တာဝန် ရှိသူများက ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၏ အဋ္ဌမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဦးစိုးသိန်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့ တက်ရောက် အမှာစကားများ ပြောကြားသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ တက္ကသိုလ်စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင် ပုဂ္ဂိုလ်များ တက်ရောက်နေရာယူကြပြီး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဘွဲ့ရမောင်မယ်များထံ ဘွဲ့လက်မှတ်များ အပ်နှင်းကာ အမှာ စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
Dial these numbers and email in case of any emergency