Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမကောလိပ်(ဖောင်ကြီး)မှ ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေး


25 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ သမဝါယမကောလိပ် (ဖောင်ကြီး) သို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံရာတွင် ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်သန်းက သမဝါယမကောလိပ်(ဖောင်ကြီး)၏ ဘာသာရပ်များ ပို့ချ နေမှု၊ ပညာသင်နှစ်အလိုက် တက်ရောက်သင်ယူနေသော ကျောင်းသားအရေအတွက်နှင့် လုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက မြန်မာ့ပညာရေး မျှော်မှန်းချက်နှင့် အညီ ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်သော အစဉ်လေ့လာသင်ယူနေသည့် လူ့ဘောင် အဖွဲ့အစည်းဖြစ်စေမည့် ပညာရေးစနစ် ဖန်တီးဖော်ဆောင်ရာတွင် အင်တိုက်အားတိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရေး၊ မိမိတို့၏ တပည့်သားသမီးများကို ပညာရပ်များ သင်ကြားပေးရုံသာမက အကျင့်စာရိတ္တကောင်းမွန်ရေး၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ရှင်သန်ထက်မြတ်သော လူငယ်လူရွယ်များ ဖြစ်လာအောင် ထုဆစ်ပုံဖော်ပေးကြရေးနှင့် ဆရာ၊ ဆရာမများသည် ဝန်ထမ်းများဖြစ်၍ ပါတီ နိုင်ငံရေး ကင်းရှင်းကြစေရေး ဆွေးနွေးမှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကျောင်းသားကျောင်းသူ များအား ရင်းရင်းနှီးနှီး တေွ့ဆုံနှုတ်ဆက် အားပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော လှည်းကူးမြို့နယ်၊ ဟိုင်းကူးကျေးရွာ အုပ်စု၊ ကြို့ကုန်းမြောက်ကျေးရွာမှ ကျောက်ခဲလယ်ကွင်းသို့ ဆက်သွယ်သောလမ်း အရှည်ပေ (၅၅၃၀) ကွွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် မှာကြားကာ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ်များက ဦးစီးဌာနအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်ရေး ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ယုံကြည်ချက်၊ ခံယူချက် ကောင်းမွန် စွာဖြင့် ပေးအပ်လာသော တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များအပေါ် ဦးစီးဌာန (၄) ခု ညီညီညွတ်ညွတ် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm