Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ(TဝT)သင်တန်းနှင့် အုန်းအမာခွံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ(TဝT)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


24 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ (၂၄)

            အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ(TဝT) သင်တန်း အမှတ်စဉ်(၆/၂၀၂၃) နှင့် အုန်းအမာခွံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ(TဝT)သင်တန်း အမှတ်စဉ်(၃/၂၀၂၃)ဆင်းပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ (၁၉) တို့ တက်ရောက်ကြပါသည်။

          အခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် မိမိတို့ ဦးစီးဌာနသည် ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်နေ ပြည်သူ လူထု၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တစ်ဦးချင်း ဝင်ငွေ တိုးပွားရေးများအတွက် Vocational Training သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် အရည် အချင်း ပြည့်ဝသည့် သင်တန်းနည်းပြများ ထွက်ပေါ်လာစေရန် ယခုလို  Training of Trainers (TဝT) သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါကြောင်း၊ ယခုအခါ မော်တော်ဆိုင်ကယ်များကို မြို့ပြနှင့် ကျေးလက် ဒေသများမှာ တွင်ကျယ်စွာအသုံးပြုနေခြင်းကြောင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း ပညာရပ်သည် နေ့စဉ်လူနေမှုဘဝနှင့် လက်တွေ့လုပ်ငန်းခွင်တို့တွင် များစွာအသုံးဝင် ပြီးအကျိုးရှိသည့် ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါပညာရပ် ကိုကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူတတ်မြောက်ခဲ့ပြီဆိုပါက မိမိ၏မော်တော်ဆိုင်ကယ်ကို ပြုပြင်ထိန်းသိမ်းနိုင်ရုံသာမက အလုပ်အကိုင်တစ်ခုအဖြစ် လုပ်ငန်းထူ ထောင်နိုင်သည်အထိ လုပ်ဆောင်နိုင်သည့် ပညာရပ်ဖြစ်သည့်အတွက် ယခုသင်တန်းသည် များစွာ အကျိုးရှိစေသည့် သင်တန်းဖြစ်ပါကြောင်း ပြောကြားပါသည်။

           ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင်အလားတူ လက်မှုဆိုင်ရာ အသက်မွေး ဝမ်းကျောင်း နည်းပညာ တစ်ခုဖြစ်သည့် အုန်းအမာခွံ လက်မှုထည်ထုတ်လုပ်မှုသင်တန်းသည်လည်း စွန့်ပစ်အုန်း အမာခွံများကို အသုံးပြုကာ ခေတ်မီဆန်းသစ်သော ဒီဇိုင်းဆန်းများနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ တီထွင် ထုတ်လုပ်ပြီး တစ်ဦးချင်းဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏နိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့သည် အုန်းသီးပေါများစွာထွက်ရှိသည့် နေရာများဖြစ်ပါကြောင်း၊ အုန်းသီးအသားများကို စားစရာမုန့် အမျိုးမျိုးပြုလုပ်ခြင်း၊ အုန်းဆီကြိတ်ခြင်း စသည်တို့တွင် အသုံးပြု လျက်ရှိပြီး အုန်းအမာခွံများကိုမူ အမှိုက်အဖြစ်စွန့်ပစ်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် အုန်းအမာခွံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာ(TဝT)သင်တန်းတွင် စွန့်ပစ်အုန်း အမာခွံများကိုအသုံးပြုပြီး တန်ဖိုး မြှင့်လူသုံးကုန်၊ အိမ်သုံးလက်မှုထည် ပစ္စည်းအရေအတွက် (၁၀)မျိုး ပြုလုပ်နိုင်သည်အထိ သင်ကြား ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းသားများအနေနဲ့ ယခု (TဝT) သင်တန်းများက ပို့ချပေးသည့် ပညာရပ် များကို ဆက်လက်လေ့လာသင်ယူကြရန်နှင့် မိမိတို့ရုံးဌာန နေရာဒေသကို ပြန်လည်ရောက်ရှိသည့်အခါ Vocational Training များ ပြန်လည်ဖွင့်လှစ် ပို့ချပေးရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ (TဝT) သင်တန်းများ တက်ရောက်သင်ကြားခွင့်ရရှိခြင်းသည် သင်တန်းသားများအကြား စည်းလုံးညီညွှတ်မှုရရှိစေပြီး မိမိတို့ရုံးဌာနအချင်းချင်း ဆက်သွယ်ဆောင် ရွက်ရာတွင်လည်း လုပ်ငန်းများပိုမို အောင်မြင်ပြီးအကျိုးဖြစ်ထွန်းစေမည်ဖြစ်၍ စွမ်းရည်ရှိသည့် ဝန်ထမ်း ကောင်းများဖြစ်အောင်  ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

           ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များနှင့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်း နည်းပညာ(TဝT)သင်တန်းမှ ထူးချွန်ဆုရရှိသည့် သင်တန်းသား(၁)ဦးအား ညွှန်ကြားရေးမှူးချုပ်က ဆုနှင့်ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး အုန်းအမာခွံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ(TဝT) သင်တန်းမှ ထူးချွန်ဆုရရှိသည့် သင်တန်းသား(၃)ဦးအား ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က ဆုနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများက သင်တန်းဆင်းလက်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm