Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းရှိ အသင်းသားတောင်သူများနှင့် တွေ့ဆုံ


10 Aug,2026

ပျဉ်းမနား ဩဂုတ် ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည် ငကောင်းကံကျေးရွာအုပ်စု ဇောင်ချမ်းကုန်းကျေးရွာရှိတောင်သူများ၊ ဇောင်ချမ်းကုန်းစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသားတောင်သူများနှင့် ကျေးရွာ KC ခန်းမတွင် ယမန်နေ့က တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က ဇောင်ချမ်းကုန်းကျေးရွာရှိ တောင်သူ များ၊ သမဝါယမအသင်းသားတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးချင်း၊ တစ်ယောက်ချင်း စိုက်ပျိုးဆောင်ရွက်ခြင်းမဟုတ်ဘဲ တဆက်တစပ်တည်းရှိ လယ်ယာ မြေများကို သမဝါယမစနစ်ဖြစ်သော စုပေါင်း၍ စနစ်တကျစုပေါင်းစိုက်ပျိုး ဆောင်ရွက်ခြင်း၊ မျိုးတစ်မျိုးတည်းသာ စိုက်ပျိုးခြင်းကြောင့် စိုက်ပျိုးစရိတ်/ရိတ်သိမ်းစရိတ်များ သက်သာမည်ဖြစ် ကြောင်း၊ စုပေါင်းရိတ်သိမ်းရောင်းချခြင်းများဆောင်ရွက်ပါက တောင်သူများအတွက် အကျိုးကျေးဇူး များစွာရှိပါကြောင်း အစရှိသဖြင့် စုပေါင်းဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော တောင်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူးမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

သမဝါယမဦးစီးဌာန

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်