Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


02 Feb,2023

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁ ရက်

            ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုနှစ်  လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

            အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ရုံးချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

            အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်မှ ညွှန်ကြားရေးမှူးများက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေလျားချက်အစီအစဉ်များ၊ ဝန်ထမ်းအင်အားလိုအပ်ချက်များ၊ ရုံအဆောက်အဦ

လိုအပ်ချက်များအပေါ်  တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm