Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းတုန်းမြို့နယ် မင်းကိုင်းကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းစစ်ဆေး


31 Jan,2023

မင်းတုန်း ဇန်နဝါရီ ၃၀

             မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပုသိမ်-မုံရွာ ကားလမ်းမကြီးမှ မင်းကိုင်းကျေးရွာအ၀င်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာ မင်းတုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်ခိုင်ဟေမာကျော်နှင့်တာဝန်ရှိသူများက မင်းတုန်းမြို့နယ် ပုသိမ်- မုံရွာကားလမ်းမကြီးမှ မင်းကိုင်း ကျေးရွာအဝင်လမ်း အမာခံမြေရရှိရေး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများသတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေးဆွေးနွေး မှာကြားသည်။

             ပုသိမ်- မုံရွာကားလမ်းမကြီးမှ မင်းကိုင်းကျေးရွာအဝင်လမ်း  အရှည် ခြောက်ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မ မြေနီခင်းခြင်းနှင့် အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၈၅ ဒသမ ၂ သန်းဖြင့် တုနှိုင်းမဲ့ ဧကရီ ကုမ္ပဏီက ၂၀၂၂ ခုနှစ် ဇူလိုင်လမှစကာ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ခိုင်ဟေမာကျော်ထံမှ သိရသည်။

            အဆိုပါ ကျေးရွာအဝင်လမ်းပြီးစီးပါက မင်းကိုင်းကျေးရွာအပါအဝင် ကျေးရွာငါးရွာရှိ အိမ်ခြေ - ၃၆၃ အိမ်၊ လူ ၁၂၇၃ ဦးတို့ ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm