Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတ္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဆောင်းရာသီအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ


31 Jan,2023

       သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို တက္ကသိုလ်ဘောလုံးကွင်း၌ (၃၀.၁.၂၀၂၃)ရက်နေ့ ညနေ (ဝ၃:၀ဝ)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊သင်တန်း၊သု/ဖွံ့၊စီမံရေးရာဌာနမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၌ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် ယခုအားကစားပွဲမှာ အနိုင်မခံအရှုံးမပေးသောစိတ်ဓါတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ပေးကြသည့် ကျောင်းသား /ကျောင်းသူများကို အများကြီးကျေးဇူးတင်ရှိပါကြောင်း၊ ဆောင်းရာသီအားကစားပြိုင်ပွဲကို ဖြစ်မြောက် အောင် စီစဉ်ဆောင်ရွက်ပေးကြသော အားကစားကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ တက္ကသိုလ်မှာ အားကစားပြိုင်ပွဲတွေကို နှစ်စဉ်နှစ်ကြိမ် ကျင်းပလေ့ရှိပြီး မိုးရာသီအားကစားပြိုင်ပွဲ၊ ဆောင်းရာသီအားကစားပြိုင်ပွဲများ ကျင်းပလေ့ရှိပြီး ယခုပြုလုပ်ပေးသည့်ပွဲ ကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဆောင်းရာသီ အားကစားပြိုင်ပွဲဖြစ်ပါကြောင်း၊ ကျင်းပရတဲ့ ပြိုင်ပွဲများကတော့ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင် အားကစားပွဲများဖြစ်ကြောင်း၊ ယခုလို အားကစားပြိုင်ပွဲပြုလုပ်ပေးရခြင်းရည်ရွယ်ချက်မှာ ကျောင်းသား /သူများကို ကိုယ်လက်ကြံ့ခိုင်ဖွံ့ ဖြိုးစေရန်၊ လိမ္မာရေးခြားရှိလာပြီး အချင်းချင်းခင်မင်ရင်းနှီး စည်းလုံးညီညွတ်မှုရှိလာစေရန်၊ ကျန်းမာ ပျော်ရွှင်ပြီး ပညာထူးချွန်မှုရှိလာစေရန်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲတိုင်းမှာ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများရှိပါကြောင်း၊ရရှိစေချင်တဲ့အကျိုးကျေးဇူးများမှာ အသင်းအဖွဲ့အလိုက်လှုပ်ရှား ဆောင်ရွက်တတ်သော အလေ့အကျင့်များရလာစေရန်၊ အနိုင်မခံအရှုံးမပေးလိုတဲ့ စိတ်တွေ ဖြစ်လာစေရန်၊ မိမိနိုင်ငံကို ချစ်သောစိတ်၊ မိမိလူမျိုးကို ချစ်သောစိတ်၊ မိမိအသင်းအဖွဲ့ကို ချစ်သောစိတ်များ ဖြစ်ပေါ် လာစေရန် ၊ ပြိုင်ပွဲဆိုသည်မှာ အနိုင်/အရှုံးရှိပြီး  နိုင်တဲ့အသင်းက အောင်ပန်းဝင်သလို ရှုံးနိမ့်သွား တဲ့သူကလည်း စိတ်ဓာတ်မကျဘဲ ထပ်မံကြိုးစားကြစေလိုကြောင်း၊ နိဂုံးအားဖြင့် အားကစားပြိုင်ပွဲမှ ရရှိလာသော အတွေ့အကြုံများဖြင့် တက္ကသိုလ်အားကစားပြိုင်ပွဲမှသည် တက္ကသိုလ်အဆင့်၊ ပြည်နယ်နှင့် တိုင်းအဆင့်၊ နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်သည်အထိ အမိတက္ကသိုလ်၏ ဂုဏ်ကို ဆောင်နိုင်သောသူများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
         ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများရရှိ ကြသည့် ပြိုင်ပွဲဝင်များကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း နှင့် ပါမောက္ခ၊ဌာနမှူးများမှ ဆုများ ချီးမြှင့်ခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ ညနေ(၅:၃၀)နာရီတွင် အခမ်းအနားကို အောင်မြင် စွာ ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm