Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ကသောင်-လက္ခဏ- ခလောက်ထောင်-လဆန်း-နောင်တုတ်-တမောစိန်-နော်ထူးဒီလမ်း ကတ္တရာလမ်းသစ်ဖွင့်လှစ်


30 Jan,2023

ဘားအံ ဇန်နဝါရီ ၂၈ 

        (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ကသောင်လက္ခဏ-ခလောက်ထောင်-လဆန်း-လက္ခဏ-ခလောက်ထောင်-လဆန်းနောင်တုတ်-တမောစိန်-နော်ထူးဒီလမ်းကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က လဆန်းကျေးရွာရှိ အဆိုပါ လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးမှု ကွာဟချက် မရှိစေရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အမြန်ဆုံးသွားလာနိုင်

           ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက် လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည် တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ဒေသထုတ်ကုန်များကုန်ကျစရိတ်သက်သာစွာဖြင့်ဈေးကွက်သို့ အမြန်ဆုံး ရောက်ရှိစေမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ အတွက် လမ်းကွန်ရက်များကိုအသုံးပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာနိုင်ကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်စေမည်ဖြစ်ကြောင်းပြောကြား သည်။

          ယနေ့ဖွင့်လှစ်သည့်လမ်းသည် ခွင့်ပြု ရန်ပုံငွေကျပ် ၆၂၁ ဒသမ ၈၃၉ သန်းဖြင့် အကျယ် ၁၂ ပေရှိကတ္တရာလမ်း နှစ်မိုင်နှင့် Box Culvert သုံးစင်းတို့ကိုဆောင်ရွက်ပြီးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မူလမြေသားလမ်း အရှည် ၁၀ မိုင် ၅ ဖာလုံအနက် စုစုပေါင်း လမ်းအရှည် ၆ မိုင် ၅ ဖာလုံကို ကတ္တရာလမ်းအဖြစ် ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် နိုင်ခဲ့ကာ ကျန်ရှိသည့်လမ်း လေးမိုင် အနက် ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် တွင်  ကတ္တရာလမ်းတစ်မိုင်နှင့် ၁၀ ပေ ကွန်ကရစ်  တံတားတစ်စင်းတို့ကို ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မဲဘောင်-နောင်ပလိန် လမ်း၊ ဘားအံ-အိန္ဒု-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတို့နှင့် ဆက်သွယ်ပေးထား သော အဓိကလမ်းမကြီးဖြစ်သည့်အပြင် ကော့ကသောင်ဂူ၊ ဣစ္ဆာသယသဘာဝ လိုဏ်ဂူတော်နှင့် ဗုဒ္ဓဂါယာသို့ ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များလာရောက် လည်ပတ်ဖူးမြော်ကြခြင်းကြောင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပြီး ခရီးသွားပြည်သူ များအတွက်လည်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေကာ ခရီးသွားလုပ်ငန်းများ တိုးတက်လာစေရန် အထောက်အကူပြုသည့် လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။ 

ပြည်နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm