Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မမြို့နယ် ပဆငမှ အူကျွန်း - ရေလိန် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ


30 Jan,2023

ဝါးခယ်မ ဇန်နဝါရီ ၂၈

           ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ပဆငမှ အူကျွန်း - ရေလိန် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းတို့ တက်ရောက်ခဲ့ကြသည်။

ကြည့်ရှုစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဝါးခယ်မမြို့နယ် ပဆငမှ အူကျွန်း-ရေလိန် ကွန်ကရစ်လမ်းသည် အကျယ် ၁၂ ပေ၊ ထုထည် ခုနစ်လက်မ၊ အရှည် ၅၅၄၄ ပေရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၃၅၅ ဒသမ ၃၂၅ သန်းဖြင့် ဝါးခယ်မမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂ ခုနှစ် မေလ ၂၃ ရက်တွင် စတင်တာဝန်ယူဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm