Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်သမဝါယမအသင်းစုမှ တောင်သူများထံသို့ မျိုးနှင့်သွင်းအားစုပေးအပ်


17 Jun,2026

မိတ္ထီလာ ဇွန် ၁၇

အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် လိန်တောကျေးရွာ တက်သစ်စစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ မိုးဝါစိုက် သမဝါယမအသင်းသားတောင်သူများထံသို့ မြို့နယ်သမဝါယမအသင်းစုမှ မျိုးနှင့်သွင်းအားစု ပေးအပ်ပွဲကို အဆိုပါလိန်တောကျေးရွာသမဝါယမအသင်းရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးမြင့်လွင်က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်းမိုးဝါသီးနှံစိုက် အသင်းသား တောင်သူများထံသို့ မျိုးနှင့်သွင်းအားစုများကို လက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ သမဝါယမအသင်းသားများကိုယ်စား အသင်းသားတောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 ချမ်းသာ

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်