Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုးမိန်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


29 Jan,2023

နေပြည်တော် ဇန်နဝါရီ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုမိန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ဟိုမိန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များ မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟိုမိန်းမြို့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ မိသားစုဝင်ငွေ တိုးပွားရေး ရည်ရွယ်၍ ကျေးလက်အခြေခံအဆောက်အအုံ၊ ရေ၊ မီး၊ လမ်း၊ တံတား ဖွံ့ဖြိုးရေး လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် လည်း စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ဟိုမိန်းဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက ဟိုမိန်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  စာကြည့်တိုက်အတွက် သုတရသစာအုပ်များကို လည်းကောင်း၊ ဟိုမိန်းမြို့ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များက ထုတ်ဝေသော မဂ္ဂဇင်းစာအုပ် များကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ဆက်လက်၍ ဝမ်မိုင်၊ မိုက်ပုတ်ခမ်း၊ ဝမ်မိုက်လုပ်လေ ကျေးရွာ (၃) ၏ ရေရရှိရေးလုပ်ငန်းများနှင့် စာသင်ကျောင်း ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ် သိန်း (၃၀၀) အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဟိုမိန်းမြို့၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက် ကြည့်ရှုသည်။

အဆိုပါစက်ရုံသည် ဟိုမိန်းမြို့ရှိ နောင်လုံရေကန်မှ ရေအရင်းအမြစ်ကို အသုံးပြုလျှက် (၂၀၀) ကီလိုဝပ် တာဘိုင် (၂) လုံးဖြင့် ဟိုမိန်းမြို့မှ ရပ်ကွက် (၃) ခု အိမ်ခြေ (၇၀၃) အိမ် (၂၄) နာရီ ဓာတ်အား ပေးလျက်ရှိကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟိုမိန်းမြို့၊ တိုက်နယ်ဆေးရုံးသို့ သွားရောက်ကြည့်ရှု ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm