Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျန်းမာရေးနှင့်အားကစားအသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ


27 Jan,2023

သန်လျင် ဇန်နဝါရီ ၂၆

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျန်းမာရေးနှင့်အားကစား အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ရီရီဝင်းက “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” ခေါင်းစဉ်ဖြင့် ကျန်းမာရေးနှင့်အားကစားဆိုင်ရာ အသိပညာများကို ဆွေးနွေးဟောပြောသည်။ ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ် အားကစားမှူး ဒေါ်ခိုင်ဇာဝေနှင့်အဖွဲ့က ဦးဆောင်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများကို လက်တွေ့လေ့ကျင့်ခဲ့ကြသည်။ ထို့နောက် ပါမောက္ခချုပ်က မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် မင်္ဂလာဒုံမြို့နယ် အားကစားမှူးတို့အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ(၅၀၀)ကျော် စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်နှင့် မင်္ဂလာဒုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ Zumba သင်တန်း ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm