Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချမ်းအေးသာစံမြို့နယ် ရွှေပြည်သစ်(ယခင် ရတနာပုံ) အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်က အမှုဆောင်အစားထိုးရွေးချယ်ခြင်းအစည်းအဝေး ကျင်းပ


26 Jan,2023

ချမ်းအေးသာစံ၊ ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ရွှေပြည်သစ်(ယခင် ရတနာပုံ) အထွေအထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တွင် လစ်လပ်နေသော အမှုဆောင်အစားထိုး ရွေးချယ်ခြင်း အစည်းအဝေးကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများ၊ အသင်းဥက္ကဋ္ဌနှင့်အသင်းသား/သူများနှင့် ဖိတ်ကြားထားသော အသင်းသား ကိုယ်စားလှယ် ၂၀ ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အခမ်းအနားအမှုးအဖြစ် ဦးစီးမှူး ဒေါ်မွန်မွန်ခိုင်က အစည်းအဝေး အစီအစဉ်များ ဖတ်ကြားပြီး သဘာပတိအဖြစ် ဦးစီးအရာရှိ ဒေါ်နီလာလွင်က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းဥက္ကဋ္ဌက ဦးစီးအရာရှိ ဒေါ်ခင်ပြုံးဝင်းက အမှာစကားပြောကြားကာ လစ်လပ်နေသောအမှုဆောင်အဖွဲ့ဝင်နေရာအား မဲစနစ်ဖြင့် ရွေးချယ်ပြီး သဘာပတိက အတည်ပြု ခဲ့သည်။  ထို့နောက် ရွေးချယ်ခံရသော အမှုဆောင်အဖွဲ့ဝင်များအား တာဝန်များခွဲဝေသတ်မှတ်ပြီး  ကတိသစ္စာခံယူကာ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm