မိတ္ထီလာ ဇန်နဝါရီ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၃၀ ဖြင့် မလှိုင်မြို့နယ် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးမှ ထန်းပင်ကန်-မှရိုး ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းကို စက်တင်ဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်လမ်းများ ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်တံတားများ တည်ဆောက်ခြင်းများကို နှစ်စဉ်ဘဏ္ဍာရန်ပုံငွေများ လျာထား၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် မလှိုင်မြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ ထန်းပင်ကန်-မှရိုး ကျေးရွာချင်းဆက်လမ်းအရှည် ခုနစ်ဖာလုံအား ကတ္တရာခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီက စက်တင်ဘာလမှ စတင်ကာ လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးနိုင်နိုင်ဝင်းထံမှ သိရသည်။
သန်းလွင်(မကွေး)
Related News and Articles
Dial these numbers and email in case of any emergency