Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မောင်မယ်သစ်လွင်ကြိုဆို


24 Jan,2023

နေပြည်တော် ဇန်နဝါရီ ၂၄

          သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၏ တက္ကသိုလ်အမည် ကျောက်စိမ်း ကမ္ပည်းမော်ကွန်းတင် ဖွင့်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်ကျောင်းသား ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ကျောင်းအုပ်ဆရာမကြီး ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်အမည် ကျောက်စိမ်း ကမ္ပည်းမော်ကွန်းတင် ဖွင့်ပွဲအခမ်းအနား ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ စစ်ကိုင်းမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ နာယက၊ သုဓမ္မ မဏိဇောတဓရ ဦးအောင်ကြီးနှင့် ဇနီးတို့က ကမ္ပည်းမော်ကွန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသားကျောင်းသူများ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ရောက်လေရာနေရာတိုင်းမှာ အမိတက္ကသိုလ်ကြီး၏ ဂုဏ် သိက္ခာနှင့် အစဉ်အလာကောင်းများကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ မိမိတို့လေ့လာ ဆည်းပူးခဲ့ရသော လူမှုစီးပွားရေးပညာရပ်များကို အခြေခံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ တက်တက်ကြွကြွနှင့် စွမ်းအားပြည့် ပူးပေါင်းဆောင်ရွက်သော လူငယ် လူရွယ်များဖြစ်အောင် ကြိုးစားကြရန်နှင့် လူမှုစီးပွားရေးစနစ်ကို အခြေခံသော သမဝါယမသဘော တရား၊ မူဝါဒ၊ အနှစ်သာရနှင့် ကျင့်ဝတ်များကို လေးလေးစားစား တန်ဖိုးထားသည့် လူငယ် လူရွယ်များ ဖြစ်စေရေး ကြိုးစားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက သမဝါယမနှင့် စီမံ ခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်းမော်ကွန်းတင် ဖွင့်ပွဲ အခမ်းအနား ကျင်းပရခြင်းနှင့် မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

၎င်းနောက် မဟာတန်းတက်ရောက်ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးက မောင်မယ် သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ မောင်မယ်သစ်လွင်များ ကိုယ်စား ပထမနှစ် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကျောင်းသားကျောင်းသူများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို အားပေးကြည့်ရှုခဲ့ ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ပါမောက္ခချုပ်တို့က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) ၏ စာသင်ဆောင်များ၊ ကျောင်းဆောင်များ၊ ကျောင်းကန်တီးတို့အား ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ရွှေကမ္ဘာငွေစု ငွေချေးသမဝါယမအသင်း၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း၊ မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ နို့နှင့် နို့ထွက်ပစ္စည်းစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံ နှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စဉ်ဆက်မပြတ် ကုန်ကြမ်းရရှိရေးနှင့် အရည်အသွေး ကောင်းမွန်သည့် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်များ ထုတ်လုပ်ရေး၊ အရေအတွက် တိုးမြှင့် ထုတ်လုပ်၍ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရေး မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် သဘာဝမြေဩဇာထုတ်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုကာ ထွက်ရှိလာသော သဘာဝမြေဩဇာများအား တောင်သူများလက်ဝယ်သို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသုံးစွဲကြရေး ညှိနှိုင်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် ဦးစီးဌာနများ အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် ရုံးများ သန့်ရှင်းသပ်ရပ် စနစ်တကျရှိရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm