Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်းမော်ကွန်းတင်ဖွင့်ပွဲ နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ


24 Jan,2023

 

                    သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၄.၁.၂၀၂၃) ရက်နေ့ နံနက်ပိုင်း (၉း၀၀)နာရီတွင် တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်း မော်ကွန်းတင်ဖွင့်ပွဲ နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတို့ကို အခမ်းအနား အစီအစဉ် (၃)ပိုင်းဖြင့် ပင်မဆောင်ရှေ့နှင့် ဘွဲနှင်းသဘင်ခန်းမတို့တွင် အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။

                          တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်း မော်ကွန်းတင်ဖွင့်ပွဲ အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာန နှင့် သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊စစ်ကိုင်းမြို့ ပညာရေးကော်မတီမှ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့တော် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တက္ကသိုလ် ဂုဏ်ထူးဆောင် နာယက၊ ကျောက်စိမ်းတုံး အလှူရှင် သုဓမ္မမဏိဇောတဓရဦးအောင်ကြီး+သုဓမ္မသိင်္ဂီဒေါ်နန်းတိုးတိုးရွှေ၊ သားဖြစ်သူ မောင်တင်ထွန်းအောင် နှင့်အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

                    အခမ်းအနားအစီအစဉ်အရ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ကျောက်စိမ်းတုံး အလှူရှင် သုဓမ္မမဏိ ဇောတဓရ ဦးအောင်ကြီးတို့မှ တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်းမော်ကွန်းတင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံသာရည်ဖြင့် ဖျန်းပက်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်ကြသူများမှ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ ပထမပိုင်း အခမ်းအနားအစီအစဉ် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

                    ဒုတိယပိုင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးမှ မောင်မယ်သစ်လွင်များကို ဩဝါဒအဖွင့်အမှာစကားပြောကြားပြီး ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်းမော်ကွန်းတင်ဖွင့်ပွဲ ကျင်းပရခြင်းအား ရှင်းလင်းပြောကြားပြီးနောက်  မောင်မယ်သစ်လွင်များကို မိမိတက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

                 အခမ်းအနားအစီအစဉ်အရ ၂၀၂၀ခုနှစ် နှင့် ၂၀၂၂ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဝင်ခွင့်ရရှိသူများအနက်မှ အမှတ်အများဆုံး ပထမ၊ဒုတိယနှင့်တတိယဆုများရရှိသည့် ကျောင်းသား၊ကျောင်းသူများနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဂုဏ်ပြု စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ဒုတိယနှင့် တတိယ ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးတို့အား သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် တာဝန်ရှိသူတို့မှ ပညာရည်ချွန်ဆုတံဆိပ် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်၍ မဟာတန်းတက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသူ မနှင်းဝေဝေမွန်မှ မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး  မောင်မယ်သစ်လွင်များ ကိုယ်စား ပထမနှစ် ကျောင်းသူ မရွှေရည်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို အကအလှများ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပါသည်။ ထို့နောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြ၍ ဧည့်သည်တော်များကို နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီး ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

                       နေ့လည်ပိုင်း (၁း၀၀)နာရီတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် First Year (1st Semester) မောင်သစ်လွင် (Fresher King) မယ်သစ်လွင်(Fresher Queen) နှင့် People Choice Boy and Girl များ၊ First Year (2nd Semester) မောင်သစ်လွင် (Fresher King) မယ်သစ်လွင် (Fresher Queen) နှင့် People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်း၊ ငွေသားကံစမ်းမဲဖောက်ခြင်း၊ ဖျော်ဖြေရေးအဖွဲ့များက အဆိုအက အလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။

                    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် First Year (1st Semester) မောင်သစ်လွင် (Fresher King) မယ်သစ်လွင်(Fresher Queen) နှင့် People Choice Boy and Girl များ၊ First Year (2nd Semester) မောင်သစ်လွင် (Fresher King) မယ်သစ်လွင် (Fresher Queen) နှင့် People Choice Boy and Girl များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (Fresher King) ရရှိသူများအား  စလွယ်နှင့် အမှတ်တရလက်ဆောင်ကို လည်းကောင်း၊ မယ်သစ်လွင်(Fresher Queen)ရရှိသူများအား စလွယ်စတား သရဖူနှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ People Choice Boy ရရှိသူများအား  စလွယ်နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ People Choice Girl ရရှိသူများအား စလွယ်စတား သရဖူနှင့် အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သုဓမ္မမဏိဇောတဓရ ဦးအောင်ကြီး ၊ သုဓမ္မသိင်္ဂီ ဒေါ်နန်းတိုးတိုးရွှေ၊ ပါမောက္ခ (ဌာနမှူး)များမှ အသီးသီးပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခဲ့ကြပါသည်။ ထို့နောက် DJတင်ဆက်ဖျော်ဖြေခဲ့ပြီး  ညနေ(၆းဝဝ)နာရီ အချိန်တွင် တတိယပိုင်း အခမ်း အနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm