Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်မဲမြို့နယ် ပေါက်အင်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး


24 Jan,2023

ကျောက်မဲ ဇန်နဝါရီ ၂၃ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါက်အင်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ်ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးဆမ်သိန်းက မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအဝယ်နှင့်အခြားမိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ထုတ်ချေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၄၀၉ သိန်းကို စီမံကိန်းကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ကျောက်မဲမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ပေါက်အင်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆဌမအကြိမ်အဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်ရန် အသင်းသူ၊အသင်းသား စုစုပေါင်း ၈၇ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၀၉ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကျောက်မဲမြို့နယ်ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးဆမ်သိန်းနှင့်ဝန်ထမ်းများ၊မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များနှင့်အသင်းသူ၊အသင်းသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးထက်အောင်(ပျော်ဘွယ်)

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm