Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ စာရင်းအင်းပညာဌာနမှ ဦးစီးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းသား၊ကျောင်းသူများအတွက် Career Journey ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်


16 Jan,2023

       သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၄.၁.၂၀၂၃) ရက်နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီ၌ စာရင်းအင်းပညာဌာနမှ ဦးစီးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် Career Journey ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ (ဌာနမှူး)၊ တွဲဖက် ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာ၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနနှင့် စီမံရေးရာတို့မှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူဦးရေ (၈၀၀)ကျော်၊ စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် ဟောပြောပို့ချပေးမည့် ဦးမြင့်ဇော်(CEO- AYA Bank)၊ ဦးသူရိန်ငြိမ်း (CEO-Myanmar Resources Network) မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း မန္တလေး Branch၊ စစ်ကိုင်းမြို့နှင့်မန္တလေးမြို့ရှိ AYA Bank မန်နေဂျာနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ မှ အဖွင့်အမှာစကား ပြောကြားရာတွင်  မအားလပ်သည့်ကြားမှ လာရောက် ဟောပြောပို့ချပေးသည့် ဆရာကြီး(၂)ဦး အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ သားတို့သမီးတို့အနေဖြင့် တက္ကသိုလ်မှ သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့အသုံးချပြီး မိမိတို့ရဲ့ Career Path တည် ဆောက်ရာတွင် ရည်မှန်းချက် အောင်မြင်မှုများရရှိရန် တိုးတက်မှုရှိအောင် ဟောပြောပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ မိမိတို့ရှေ့ဆက်လျှောက်ရမည့် ဘဝခရီးလမ်းတလျောက်မှာ Career တစ်ခုရရှိပြီး ရရှိလာသည့် Careerမှာ Career Path ရရှိဖို့ လိုအပ်ပါသည်၊ ရောက်ရှိနေသည့်နေရာမှာ မိမိ၏Career Development အတွက် အသိပညာ၊ အတတ်ပညာများ ဖြည့်ဆည်းပြီး လိုအပ်သော သင်တန်းများ တက်ရောက်ခြင်း၊ ဗဟုသုတများ ဆက်လက် ရှာဖွေလေ့လာ ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း၊ ယခုဆရာကြီးများ ဟောပြောပို့ချမည့် ဗဟုသုတ ပညာရပ်များကို ဂရုတစိုက် နားယူမှတ်သား လိုက်နာဆောင်ရွက်သွားကြရန် လက်တွေ့နယ်ပယ်တွင် အသုံးချရန်လိုအပ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ပညာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖြစ်မြောက်အောင် ဦးဆောင်ဆောင်ရွက်ပေးသည့် စာရင်းအင်းပညာဌာနမှ ဌာနမှူးနှင့် ဆရာ၊ဆရာမများ၊ ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ကြသည့် သက်ဆိုင်ရာ သင်တန်းရေးရာ၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနနှင့် စီမံရေးရာဌာနများမှ  ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အတွက် အသိပညာဗဟုသုတများကို အချိန်ပေး ဝေမျှဟောပြောပို့ချပေးသည့် ဦးမြင့်ဇော် (CEO- AYA Bank)၊ ဦးသူရိန်ငြိမ်း (CEO-Myanmar Resources Network)၊ အချိန်ပေး တက်ရောက်ပေးကြသည့် စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ အားတက်သရော တက်ရောက်ပေးကြသည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြား ခဲ့ပါသည်။ ဆက်လက်၍  ဦးမြင့်ဇော်(CEO- AYA Bank)၊ ဦးသူရိန်ငြိမ်း (CEO-Myanmar Resources Network)တို့မှ Career Journey ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ အသီးသီး ဟောပြောပေးခဲ့ကြပြီး ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် တက်ရောက်လာ ကြသည့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းခဲ့ကြရာ  ဦးမြင့်ဇော်(CEO- AYA Bank)၊ ဦးသူရိန်ငြိမ်း (CEO-Myanmar Resources Network)တို့ မှ မေးခွန်းအသီးသီးကို ဖြေကြားပေးခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ ဦးမြင့်ဇော်(CEO- AYA Bank)နှင့် ဦးသူရိန်ငြိမ်း (CEO-Myanmar Resources Network)တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အမှတ်တရမှတ်တမ်းဓါတ်ပုံ ရိုက်ယူခဲ့ပြီးနောက် နေ့လည်(၁းဝဝ)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm